Facebook ဟာ Trend တစ်ခုဖြစ်လာတာနဲ့အမျှ Digital Marketing Company တွေကို အပ်တဲ့သူတွေကအပ်၊ ကိုယ်တိုင် Social Media ပေါ်မှာ ကြော်ငြာတဲ့သူက ကြော်ငြာနဲ့ ဖြစ်လာပါတယ်။

ဒါပေမယ့် ပြဿနာတစ်ခုရှိတာက ကိုယ်တိုင် Social Media ပေါ်မှာကြော်ငြာတဲ့သူတွေအတွက်ကတော့ အခက်အခဲ အချို့ရှိနေဆဲပါ။ အကြီးမားဆုံးအခက်အခဲကတော့ ကြော်ငြာသလောက်မထိရောက်တာ၊ ကြော်ငြာသလောက် ငွေတွေကုန်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အခုဝေမျှပေးချင်တာကတော့ Facebook ပေါ်မှာ ကြော်ငြာတဲ့အချိန် ဓါတ်ပုံသုံးတဲ့အခါမှာ ဓါတ်ပုံပေါ်က စာတွေများနေတာပါ။

Facebook ဟာဓါတ်ပုံတစ်ပုံမှာဆိုရင် ၂၀% Text ထည့်သွင်းခွင့်သာပေးထားပြီး အဲ့ဒါထက်များလာပြီး ပိုစ့်ကို ကြော်ငြာတော့မယ်ဆိုရင် သုံးထားတဲ့ငွေလောက် Reach မဖြစ်တော့ပဲ ငွေကို ပိုပြီးတော့ ကောက်ခံပါတယ်။

ဥပမာအားဖြင့် ၁၀၀ ဒေါ်လာသုံးလို့ လူအယောက် ၁၀၀၀ ဆီရောက်မယ်ဆိုရင် ပိုစ့်ရဲ့ပုံမှာ စာတွေ ၂၀% ထက်များနေတယ်ဆိုပြီးသတ်မှတ်တာနဲ့ ၁၀၀ ဒေါ်လာသုံးလို့ လူအယောက် ၆၀၀ လောက်ဆီပဲရောက်တော့တာပါ။

အဲ့ဒီလိုပဲ ပုံမှာစာတွေများလာတယ်ဆိုရင် တစ်ဖြေးဖြေးနဲ့ လျော့ကျလာပြီးနောက်ဆုံး ကြော်ငြာခွင့်မပေးတော့တဲ့ အဆင့်အထိ ဖြစ်သွားပါတယ်။

အဲ့ဒီအတွက် ကိုယ့်ပုံမှာ စာတွေဘယ်လောက်ပါတယ်၊ မပါဘူးဆိုတာကို စစ်ဆေးချင်တယ်ဆိုရင်တော့ Facebook က စစ်ဆေးလို့ရတဲ့ အခမဲ့ Tools လေးကို ပေးထားပါတယ်။

လိပ်စာကတော့ https://www.facebook.com/ads/tools/text_overlay မှာဖြစ်ပါတယ်။

တကယ်လို့စစ်ဆေးကြည့်လို့ OK ဆိုရင်တော့ပုံမှန်တိုင်းပဲ ငွေကိုဖြတ်မှာဖြစ်ပြီး ( ပုံမှန်ငွေမဖြတ်ဘူးဆိုရင်တော့ အဲ့ဒီပိုစ့်ဟာ လူကြိုက်နည်းတဲ့အတွက်လည်းဖြစ်နိုင်ပါသေးတယ်။အဲ့ဒါကို Viral Effect လို့ခေါ်ပါတယ်။ နောက်ပိုစ့်တစ်ခု ရေးပေးပါမယ် ) Low နဲ့ Medium ဆိုရင်တော့ ကိုယ့်ပုံကို ကိုယ်ပြန်ပြင်ဖို့လိုနေပါပြီ။ တကယ်လို့ မပြင်ပဲကြော်ငြာမယ်ဆိုရင် ငွေကုန်ကြေးကျများမှာပါ။ High ဆိုရင်တော့ လုံးဝ ကြော်ငြာခွင့်မပေးတော့ပါဘူး။

အသေးစိတ်သိလိုတယ်ဆိုရင်တော့ Discuss Agency မှာ လာပြီးတော့ အခမဲ့ဆွေးနွေးလို့ရပါတယ်။

Facebook ရဲ့ Viral Effect နဲ့ပတ်သတ်ပြီးတော့လည်း ဆက်လက်ရေးသွားပါအုံးမယ်။

စာကိုဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။